လေးမျက်နှာမြို့နယ် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် လမ်းတံတားနှင့် အခြားလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

လေးမျက်နှာ  ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စည်ပင်သာယာရေးကော်မတီ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့်ဆောင် ရွက်မည့်လမ်းတံတားနှင့် အခြားလုပ်ငန်းများအား ယမန်နေ့ နံနက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ် စည်ပင်သာယာရေးကော်မတီ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့်လမ်းတံတားနှင့် အခြားလုပ်ငန်းများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းနှင့်အတူ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကြိုင်ဝင်း၊  မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး အမှုဆောင်အရာရှိ ဦးအောင်ဇေယျ၊ တာဝန်ခံအင်ဂျင်နီယာဒေါ်ရွှေဇင်တို့မှ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)