ကျိုက်လတ် စက်တင်ဘာ ၂၄
ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်နှင့်ဝန်ထမ်းများက အခြေခံပညာကျောင်းများရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သော ကျောင်းသူ(၈၁၅)ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံ ပေးခြင်း၊ အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူ (၁၆၂၁)ဦးအား ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ယနေ့ထိုးနှံပေးသည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးသည် အရွယ်ရောက် အမျိုးသမီးများအတွက် ၉၅ ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း သိရသည်။
လှိုင်မင်းအောင်