ကြံခင်း စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ ယမန်နေ့ညနေ ၄ နာရီခွဲက “ဝင်းကြွယ်” စက်မှု၊ လက်မှုနှင့် လယ်ယာသုံးစက်ကိရိယာထုတ်ရေးလုပ်ငန်းခွင်သို့ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြန်အောင်ခရိုင်အတွင်းရှိ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များတွက် လိုအပ်သော Drum Seeder အလက်ရေ (4718) ထုတ်လုပ်မည့် “ဝင်းကြွယ်” စက်မှု၊ လက်မှုနှင့်လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုပြီး "ဝင်းကြွယ်" ထုတ်လုပ်ငန်းတာဝန်ခံ ဦးအောင်ဆန်းဝင်းက ထုတ်လုပ်မှုအဆင့်ဆင့်တို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်လှိုင်နှင့်အဖွဲ့ဝင်များအား ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက တောင်သူများအတွက် ရေရှည်အသုံးပြုနိုင်စေရန် အရည်အသွေးကောင်းမွန်သော ပစ္စည်းများကိုသာ သုံးစွဲရန်နှင့် မျိုးစေ့များလေလွှင့်မှုမဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက်သွားရန်မှာကြားပြီး Drum Seeder များ တပ်ဆင်နေမှုအား လှည့်လည် ကြည့်ရှုကြသည်။
ထို့နောက် ကြံခင်း-ဆိပ်သာကားလမ်းပေါ်ရှိ ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦး ဆောင်ရွက်ပြီးမှု အခြေအနေနှင့် မြို့အင်္ဂါရပ်နှင့်အညီ အမြင်တင့်တယ်စေရေး၊ အနယ်နယ်အရပ်မှ လာရောက်ကြသော ခရီးသွားပြည်သူများ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးနိုင်ရန် WE LOVE KYANGIN ဆောင်ရွက် ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း