အင်္ဂပူမြို့နယ်ပညာရေးငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ (၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေးကျင်းပ

အင်္ဂပူ စက်တင်ဘာ ၂၄

အင်္ဂပူမြို့နယ် ပညာရေးငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာသဘာပတိ ဆရာဦးမောင်ချိုနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်တို့က အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် ပညာရေးငွေစုငွေချေးသမအသင်းလီမိတက်၏ အမှုဆောင်အဖွဲ့ အစီရင်ခံစာဖတ်ကြားခြင်းနှင့် အတည်ပြုခြင်း၊ အသင်းသားစာရင်းစစ်အဖွဲ့ အစီရင်ခံစာဖတ်ကြားခြင်းနှင့် အတည်ပြုခြင်းများ‌ ဆောင်ရွက်ခဲ့ပြီး‌နောက် တက္ကသိုလ်ဝင် စာမေးတွင် ဂုဏ်ထူးရရှိသည့်အသင်းသားများ၏ သားသမီးများနှင့်အသင်းသားများထဲမှ စု‌ဆောင်းငွေ အများဆုံးထည့်ဝင်သူ အသင်းသား(၃)ဦးအား တာဝန်‌ရှိသူများက ဆုများဂုဏ်ပြု ပေးအပ်ခဲ့သည်။ ထို့နောက်အသင်းသားများစုဆောင်းငွေအပေါ် အတိုးရငွေများထုတ်‌ပေးခဲ့‌သည်။

အဆိုပါအခမ်းအနားသ်ို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်၊ ပညာရေးငွေစုငွေချေး သမအသင်းလိမိတက်မှ သဘာပတိနှင့်အမှု‌ဆောင်များ၊ အသင်းသားများ စုစုပေါင်း အင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)