အိမ်မဲမြို့နယ် အ-ထ-က(၂)ကျောင်းတွင် ဆုံဆို့မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများထိုးနှံ

အိမ်မဲ စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆုံဆို့မေးခိုင်ကာကွယ်ဆေးများ ကို အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော KG ကျောင်းသား, ကျောင်းသူ (၂၇)ဦး၊ သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးများကို အသက် (၉)နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သော မိန်းကလေး (၂၂)ဦး တို့အား ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ချစ်သက်လယ်