အိမ်မဲ စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က(၂)ကျောင်း၏ ပညာ့ဗိမာန်ခန်းမတွင် မြို့နယ်အဆင့်ကျင်းပသော ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ အောင်ချက်အကောင်းဆုံးကျောင်းများ၊ ဂုဏ်ထူးရရှိ အောင်သင်ကြားပြသပေးသော ဆရာ/မများနှင့် လူရည်ချွန်ရရှိသော ကျောင်းသား/ သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားကို အ-ထ-က (၁)ကျောင်းမှ ကျောင်းသား/သူလေးများက ပညာရည်ချွန်ဆုနှင်းသဘင် သီချင်းဂုဏ်ပြုသီဆို၍ ဖွင့်လှစ်ခဲ့ပြီး အိမ်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားများကို ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြ သော ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများ၊ ဂုဏ်ထူးရရှိအောင်သင်ကြားပြသပေးသော ဆရာ/မများနှင့် လူရည်ချွန်ရရှိသောကျောင်းသား/ သူများ စုစုပေါင်း (၁၀၃)ဦးအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် (၂၆)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး တိုင်းအဆင့်ပြိုင်ပွဲ အခြေခံပညာ (၁၅ - ၁၀)တပင်တိုင်မင်းသားအကဖြင့် ငွေတံဆိပ်ဆု ရရှိခဲ့သူနှင့် အ- ထ-က (၂)ကျောင်းသား/သူလေးများက သရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)