ကျွန်းလှ စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူရိုင်၊ ကျွန်းလှမြို့နယ် အင်းကောင်းကျေးရွာတွင် ကိုယ်အားကိုယ်ကိုးကျေးရွာတွင်း ကွန်ကရစ်တံတားနှင့် ကွန်ကရစ်လမ်းခင်းပြီး၍ သွားလာရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ အင်းကောင်းကျေးရွာဟာ ကျွန်းလှ-သဖန်းဆိပ် ကားလမ်းဘေးရှိပြီး ဘေးပတ်ဝန်းကျင်မှာ ကျေးရွာများနဲ့ ထိစပ်လျက်ရှိပါတယ်။ ကျေးရွာတွင်းလမ်းများ အရည်အသွေးကောင်းမွန်ပြီး ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေဖို့၊ ရေစီးရေလာကောင်းမွန်ဖို့အတွက် လမ်းနဲ့တံတားများ အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်းများကို အလှူရှင်တွေရဲ့လှူဒါန်းမှုနဲ့ ဆောင်ရွက်လျက်ရှိပါတယ်” ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြောသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကွန်ကရစ်တံတား အရှည် ၁၈ ပေ၊ အမြင့် ၃ ပေ၊ ရေသွားလမ်းအကျယ် ၂ ပေခွဲနှင့် ကွန်ကရစ်လမ်း အရှည်ပေ ၃၀၀၊ အကျယ် ၁၈ ပေ၊ ထု ၄ လက်မ ခင်းခြင်းကို ကျေးရွာနေပြည်သူများလုပ်အား၊ အလှူရှင်များ လှူဒါန်းမှု ငွေကျပ် သိန်း ၁၅၀ ကျော်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွားတွင်း လမ်း၊ တံတားများ အဆင့်မြင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် ရေစီးရေလာကောင်းမွန်ပြီး ရဟန်းရှင်လူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေ၍ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)