ကသာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌အမျိုးသမီးများသို့ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာ‌‌ပေး သင်တန်းဖွင့်လှစ်

ကသာ စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးများသို့ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာ‌ပေး သင်တန်းဖွင့်ပွဲကို ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင်ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်‌ရေးကော်မတီအဖွဲ့ဝင် (၂) ခရိုင်စီမံကိန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးဟိန်းကိုဦးနှင့်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်သီရိ‌ဌေးကျော့စံတို့က သင်တန်းဖွင့်ပေးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနမှ အမျိုးသမီးများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ‌မှုဦးစီးဌာနမှ အမျိုးသမီးများနှင့် သဘာဝဘေးအန္တရယ်ဆိုင်ရာများကိုလည်း‌ကောင်း အသီးသီးပို့ချပေးခဲ့ကြသည်။

အဆိုပါသင်တန်းသို့ သင်တန်းသူအမျိုးသမီး (၂၀) ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် သင်တန်းကာလမှာ စက်တင်ဘာ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့ထိ (၃) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ (ကသာ)