နတ်မောက် စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြလုပ်ခဲ့သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း (စာထောက်-၃) က ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက “စာဖတ်မှကြီးပွား စာပေ၏ ကျေးဇူးတရားများ” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးခဲ့သည်။
လှဝင်း