နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၅)နှစ်အထက် အဘိုး/ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

နတ်မောက် စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၅)နှစ်အထက် အဘိုး/အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက  မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်စစ်ဆေးကုသမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့စစ်ဆေးကုသမှုများ ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး(၁)နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၆၅)ဦးအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဆိုင်ရာစစ်ဆေးပေးခြင်းနှင့် အခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်းစသည့် ရောဂါလက္ခဏာများကို စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ လိုအပ်သော ဆေးဝါးများကို အခမဲ့ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှဝင်း