အိမ်မဲမြို့နယ် အ.ထ.က (၂) ကျောင်းတွင် ဆုံဆို့မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေး

အိမ်မဲ စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၂) ကျောင်းတွင် ကျောင်းသား/သူများအား ဆုံဆို့မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆုံဆို့မေးခိုင်ကာကွယ်ဆေးများ ကို အသက် (၅) နှစ်ပြည့်ပြီး (၇) နှစ် မကျော်သော KG ကျောင်းသားကျောင်းသူ (၂၇) ဦး၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများကို အသက် (၉) နှစ်ပြည့်ပြီး (၁၀) နှစ်မကျော်သော မိန်းကလေး (၂၂) ဦး တိုအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)