ဖျာပုံ စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံဦးတင်ဆွေဝင်းနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌများနှင့် (ဖျာပုံ၊ဒေးဒရဲ) မြို့နယ်နိုင်ငံရေးပါတီများတွေ့ဆုံ ပွဲကို စက်တင်ဘာလ (၂၃) ရက်နေ့ နံနက် (၁၁) နာရီအချိန်က ဖျာပုံမြို့နယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
ရှေ့ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံဦးတင်ဆွေဝင်းကစာရင်းများ မှန်ကန်မှုရှိစေရေး၊ မဲပေးစက်များ စနစ်တကျ သယ်ယူ ကိုင်တွယ်စေရေး၊ ပထမအကြိမ် မဲစာရင်းကြေငြာခြင်းလုပ်ငန်း အောင်မြင်စေရေးအတွက် လိုအပ်သည့် လမ်းညွှန်မှုများ မှာကြားဆွေးနွေးပြီး၊ ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးသန့်ဇင်လတ်က ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဥ်း၍ အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထိုနောက် တွေဆုံပွဲသို့တက်ရောက်လာကြသူများမှ သိရှိလိုသည့်ဆွေးနွေးမေးမြန်းမှုများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးတင်ဆွေဝင်းကပြန်လည်ဆွေးနွေးဖြေကြားပြီး တိုင်းဒေသကြီးတာဝန်ခံက နိဂုံးချုပ်စကား ပြန်လည်ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးတင်ဆွေဝင်း၊ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန့်ဇင်လတ်နှင့်အဖွဲ့ဝင်များ၊ (ဖျာပုံ/ဒေးဒရဲ) မြို့နယ်များမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ များနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်နိုင်ငံရေးပါတီများ တက်ရောက်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)