အိမ်မဲ စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာစီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား စားသုံးဆီများကို ယမန်နေ့နံနက်ပိုင်းက သက်သာသောစျေးနှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆီကုန်သည်၊ ဆီလုပ်ငန်း ရှင်များပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား.(၁)ဦးလျှင် ဆီ (၅၀)သားဘူး (၁)ဘူးကို ၃၆၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဘူး (၁၀၀) ရောင်းချပေးခဲ့သည်။
ထိုကဲ့သို့ ရောင်းချခြင်းများကို စက်တင်ဘာလ (၂၃)ရက်နေ့မှ (၂၇)ရက်နေ့ထိနေစဥ် ဘူး (၁၀၀) ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)