ချောက်မြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုများ ဖြန့်ဖြူးရောင်းချ

ချောက် စက်တင်ဘာ ၂၄

‎‎မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက ချောက်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် ဓာတ်မြေသြဇာသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံ ကိန်းနှင့်အကျုံးမဝင်သည့် တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် လိုအပ်သောဓာတ်မြေဩဇာသွင်းအားစုများအား သက်သာသော ဈေးနှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

‎‎ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးကော်မတီဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့်အဖွဲ့ဝင်များ ပေါင်းစပ်ညှိနှိုင်းပြီး ကျေးလက်နေတောင်သူများ အရည်အသွေးပြည့်မီသော ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးချိန်အမီဝယ်ယူအသုံးပြုနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာမှ မိုးစပါးစိုက်တောင်သူ(၂၅)ဦးထံသို့  ယူရီးယားဓာတ်မြေသြဇာ(၂၀)အိတ်နှင့် ကွန်ပေါင်းမြေဩဇာ (၂၀)အိတ်တို့အား ယခုလ ၂၃ ရက်နေ့မှစ၍ သီးနှံပေါ်ပေးစနစ်ဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)