နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့တွင် လွှတ်တော် ကိုယ်စားလှယ်လာင်းများစတင် စိစစ်ခြင်း လုပ်ငန်းဆာင်ရွက်လျက်ရှိ

လဟယ် စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့်အထွေထွေရွှေးကောက်ပွဲတွင် (PR/FPTP) မဲဆန္ဒနယ်တွင်၀င်ရောက်ယှဉ်ပြိုင်ကြမည့် နာဂဒေသ (လေရှီး၊ လဟယ် ၊နန်းယွန်း)မြို့နယ် များမှ လွှတ်တော် ကိုယ်စားလှယ် လောင်းများအားစိစစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်တွင် နာဂဒေသ ရွှေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ပါသည်။

ဦးစွာနာဂဒေသရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြားပြီး နာဂဒေသရွှေးကောက်ပွဲအရာရှိ ဒေါ်သန်းသန်း၀င်းကလွှတ် တော်ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းကြားပြီး အဖွဲ့၀င်များကဖြည့်စွက် ဆွေးနွေးကြပါသည်။

ထို့နောက် ကိုယ်စားလှယ် လောင်းများ စိစစ်ခြင်းစတင်ရာတွင် နာဂဒေသမှ (FPTP) မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း (၆) ဦးအား လက်ခံစိစစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ၎င်းနောက် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ဒေသရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ ကြောင်းသိရသည်။ အဆိုပါကိုယ်စားလှယ်‌‌ လောင်းများစိစစ်ခြင်းကို (၂၃-၉-၂၀၂၅) မှ (၄-၂၀-၂၀၂၅) ရက်ကြား စိစစ်ဆာင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။