တောင်ငူပညာရေးဒီဂရီကောလိပ်၌ မဲဆန္ဒရှင်​​ပြည်သူများအား  မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်  လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

တောင်ငူ စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများအား  မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်  လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၂) နာရီတွင် တောင်ငူပညာရေးဒီဂရီကောလိပ်၊ မြတ်ပညာခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် တောင်ငူပညာရေးဒီဂရီကောလိပ်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ကျော်နှင့်အဖွဲ့၊ ဒုတိယဦးစီးမှူး ဒေါ်စိမ်းမို့မို့တို့က မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ မဲပေးခြင်းနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း (၅၀၀) ဦးခန့်က  မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့မဲပေးကြသည်။ ထို့နောက် မဲဆန္ဒရှင်ပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တောင်ငူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက  ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)