ကရသူရိမြို့၌ ကျောင်းသား/ကျောင်းသူများ ဂိမ်းကစားခြင်းနှင့် စာဖတ်ခြင်းဆောင်ရွက်

ကရသူရိ စက်တင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးရေးနှင့် စိတ်ပျော်ရွှင်ရေး ဂိမ်းကစားခြင်းနှင့် စာဖတ်ခြင်းဆောင်ရွက်မှုကို စက်တင်ဘာလ ၂၂ ရက် ညနေ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်သည်။

စာကြည့်တိုက်သို့ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်နှင့် စဥ်ဆက်မပြတ်ထိတွေ့ဆက်ဆံနိုင်ရေးနှင့် စာကြည့်တိုက်မှပေးသော အသိပညာ၊ အတတ်ပညာများကို မိမိတို့၏ဘဝတိုးတက်မှုတွင် အသုံးပြုတတ်စေရေးနှင့် အချင်းချင်း ရိုင်းပင်းကူညီစိတ်ရှိရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် လေ့ကျင့်သင်ကြားပေးလျက်ရှိရာ ၎င်းတို့ဝါသနာထုံရာ ဂိမ်းကစားခြင်းနှင့် စာဖတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)