ဒေးဒရဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးနှင့် အချင်အတွယ် မှန်ကန်ရေး ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများမီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် အချင်အတွယ် မှန်ကန်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ယမန်နေ့နံနက် (၁၀) နာရီက သက်ဆိုင်ရာဌာနများကစုပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးကျော် ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနင့် သက်ဆိုင်ရာဌာနများက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးသတ်ဆေးဘူများ အဆင်သင့်ဆောင်ရွက်ထားရှိမှု၊ မီးဘေးလုံခြုံရေးဆောင်ရွက်ရမည့် အချက်များ၊ မီးသတ်ဆေးဗူးသုံးစွဲနည်းများအား အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် ပြည်သူများ စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် အချင်အတွယ် မှန်ကန်စွာဝယ်ယူသုံး စွဲနိုင်ရေးအတွက် စံနှုန်းတိုင်း အချိန်အတွယ်များဖြင့် တိုင်းတာခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်များကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း