ငွေဆောင် စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာမူလတန်းကျောင်း၊ အ.မ.က(ငွေဆောင်)၌ ယမန်နေ့နေ့လည်ပိုင်းက အသက်( ၉) နှစ်ပြည့်ပြီး ( ၁၀) နှစ်မကျော်သော ကျောင်း သူလေးများအား သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးနှင့် အသက်(၅)နှစ်ပြည့်ပြီး (၇) နှစ် မကျော်သော ကျောင်းသား၊ ကျောင်းသူလေးများအား ဆုံဆို့ - မေးခိုင်ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဥ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အ.မ.က(ငွေဆောင်)မှ ကျောင်းသား၊ ကျောင်းသူများအား သားအိမ်ခေါင်းရောဂါကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဥ်တွင် ငွေဆောင်မြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဘက်စုံသားဖွားဆရာမ၊ ငွေဆောင်(S/C) ဒေါ်ခင်မိမိလှိုင်က ကာကွယ်ဆေး လာရောက်ထိုးနှံပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
R - 014(ငွေဆောင်)