ကသာမြို့၌ ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး Plastic Campaign ပြုလုပ်

ကသာ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် ကသာခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပတ်ဝန်းကျင်သာယာလှပစေရန် ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေးတို့အတွက် Plastic Campaign ဆောင်ရွက်မှုကို စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်(၇)နာရီအချိန်က ဗိမြို့တော်ခန်းမရှေ့မှ အ.မ.က(၄)လမ်းတစ်‌လျှောက်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ Plastic Campaign ပြုလုပ်ဆောင်လုပ်မှုတွင် ကသာခရိုင် စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌စောနေသားနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၀၀)ဦးခန့် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ Plastic Campaign ပြုလုပ်ဆောင်ရွက်ခဲ့ပြီးနောက် လမ်း‌ဘေးဝဲယာရှိ ဈေးဆိုင်ခန်းများတွင် အမှိုက်များစနစ်တကျစွန့်ပစ်ရေးနှင့် ပလပ်စတစ်အမှိုက်ကင်းစင်ရေးတို့အတွက် တာဝန်ရှိသူများက အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(ကသာ)