ပလောက်မြို့၌ ဝဥစိုက်ပျိုးထုတ်လုပ်သူများ ဈေးကောင်းရရှိပြီး ဝင်ငွေတိုး

ပလောက် စက်တင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ဝဥစိုက်ပျိုးထားသူများ ဈေးကောင်းရရှိသဖြင့် မိသားစုဝင်ငွေတိုးကြောင်း သိရသည်။

ပလောက်မြို့တွင် ရော်ဘာစိုက်ခင်းများ၊ ကွမ်းသီးခြံများတွင် ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးထားခြင်း၊ သီးသန့်ဝဥခင်းများရှိပြီး ယခုစက်တင်ဘာလတွင် စတင်တူးဖော်ကြရကြောင်း သိရသည်။ ယခုနှစ်တွင် ဝဥအစို တစ်ပိဿာ (၂၉၀၀) ကျပ်ရရှိပြီး ယခင်နှစ်က တစ်ပိဿာ (၂၅၀၀) ကျပ်သာ ရရှိသဖြင့် ယခုနှစ်ဈေးပိုကာ မိသားစုဝင်ငွေတိုးကြကြောင်း သိရသည်။

ပလောက်မြို့တွင် ဝဥပင်ကို ကျေးရွာတိုင်း၌ ဉယျာဉ်ခြံမြေနှင့် နေအိမ်တိုင်း မြေလွတ်များတွင် စိုက်ပျိုးထားရှိပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

ပလောက်(ပြန်/ဆက်)