ရွှေဘိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပ

​ရွှေဘို စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး​ပေး​ရေးလုပ်ငန်း​ကော်မတီနှင့် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်သည့်  ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယ​နေ့​နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်​အေးမြင့်စန်းက အမျိုးသမီးငယ်များအား အလုပ်အကိုင်၊ အခွင့်အလမ်းများရရှိစေရေး၊ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဖြစ်ပေါ်လာပြီး ဝင်ငွေတိုးရေးအတွက် ဆံပင်ဆံအုပ် (ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်​သင်ကြားပေးခြင်းဖြစ်​ကြောင်း ​ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ခရိုင်/မြို့နယ် မိခင်နှင့်က​လေး စောင့်​ရှောက်မှုကြီးကြပ်​ရေးအဖွဲ့ဝင်များ တက်​ရောက်ခဲ့ကြပြီး ဆရာမ​ဒေါ်မိုးသူက(ဘိုးကလစ်) ပြုလုပ်နည်းများကို (၂) ရက်တာ စာ​တွေ့/လက်​တွေ့သင်ကြား​ပေးမည်ဖြစ်ကြောင်း သိရသည်။

​အေးမြင့်စန်း(ပြန်/ဆက်)