တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

ပုသိမ် စက်တင်ဘာ ၂၃

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက  ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ်  ပုသိမ်ခရိုင်အသင်းနှင့် လပွတ္တာခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ၎င်းပွဲစဉ်တွင် ပုသိမ်ခရိုင်အသင်းက လပွတ္တာခရိုင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမား၊ အကောင်းဆုံးကစားသမားဆု ရရှိသူများအား ဆုတံဆိပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများနှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့ကလည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမား၊ အကောင်းဆုံးကစားသမားဆု ရရှိသူများအား ဆုတံဆိပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဟင်္သာတခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများကို ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ဇနီးကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် လပွတ္တာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပုသိမ်လေတပ် စခန်းဌာနချုပ်မှူးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ဆုရရှိသည့်အသင်းမှ အားကစား သမားနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်လက် ချီးမြှင့်ခဲ့ပြီး ဆုရရှိသည့်အသင်းမှ အားကစားသမားနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြပြီး တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် ဆုရအားကစား သမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ ယခုနှစ် ဧရာဝတီတိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို ဘောလုံး(ကျား၊မ)၊ ဘော်လီဘော(ကျား၊မ)၊ ဘတ်စကက်ဘော(ကျား၊မ)၊ ကြက်တောင်(ကျား၊မ)၊ ပိုက်ကျော်ခြင်း (ကျား၊မ)၊ ပြေးခုန်ပစ် (ကျား၊မ)၊ စားပွဲတင်တင်းနစ် (ကျား၊မ) စသည့် အားကစားနည်း (၇)မျိုးဖြင့် ယခုလ(၁၇)ရက်နေ့မှ (၂၂) ရက်နေ့အထိ ပုသိမ်မြို့ပေါ်ရှိ ကိုးသိန်းအားကစားကွင်း၊ ကျောက်တိုင် အားကစားကွင်း၊ ကိုးသိန်းအားကစားရုံနှင့် အထက်တန်းကျောင်း ဘောလုံးကွင်းအသီးသီးတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)