ညောင်လေးပင် စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝသဘောတရားကို အခြေခံ၍ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။
ရှေးဦးစွာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွှေလုပ်ငန်းရှင်များအသင်းအလှူရှင်များ၊ ဆေးနှင့် ဆေးပစ္စည်း အလှူရှင်မိသားစုဝင်များနှင့် မြို့မိမြို့ဖများမှစုပေါင်း၍ ဆေးနှင့်ဆေးဝါးများ ဝိုင်းဝန်းထောက်ပံ့ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်နှင့် အဖွဲ့ဝင်များ၊ ရွှေလုပ်ငန်းရှင်အသင်းအလှူရှင်များ၊ ကိုဖိုးခွား(ဆေးဆိုင်)မှ စေတနာရှင် ဆေးအလှူရှင်များနှင့် မြို့မိမြို့ဖများတက်ရောက်ခဲ့ကြပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စောကလျာမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်ပေးခြင်း၊ ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာသိရှိနားလည်ပြီး သက်တမ်းစေ့ နေထိုင်သွားနိုင်စေရေးတို့အတွက် လစဉ်လတိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)