ပေါက်ခေါင်း စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ပြည်သူ့ဆေးရုံ၊သံဃာဆောင်၌ ယနေ့နံနက် ၉ နာရီအချိန်မှစ၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ECGစက်ဖြင့် နှလုံးခုန်နှုန်းစစ်ဆေးပေးခြင်း၊ ရောဂါရှာဖွေပေးခြင်း၊ အထွေထွေရောဂါများ စစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စနစ်တကျကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ရောဂါတွေ့ရှိမှုအပေါ် ဆေးဝါးများကို တစ်လစာအခမဲ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း လုပ်ငန်းများကို ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ လစဉ် (၂၁) ရက်နေ့မှစ၍ အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)