ဒိုက်ဦး စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ နတ်ကင်းကျေးရွာ၊ ဦးပွတံတားတွင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒိုက်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက်မပြတ်ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံစေရန်နှင့် ငါးသယံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ သဘာ၀ရေပြင်အတွင်းသို့ ယမန်နေ့ နံနက်ပိုင်း(၉)နာရီအချိန်က ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ညောင်လေးပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်တာဝန်ခံ ဦးထိန်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးမျိုးစိုက်ကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးသက်နောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အင်းသားကြီးများ ရေလုပ်သားများ၊ တက်ရောက်သူဦးရေ (၅ဝ) ဦးဖြင့် သဘာဝရေပြင်အတွင်းသို့ ၂ လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ (၁၀၀၀၀၀) နှင့် ငါးခုံးမကြီးကောင်ရေ (၅၀၀၀၀) စုစုပေါင်းကောင်ရေ(၁၅၀၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)