ညောင်လေးပင် စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity စနစ်ဖြင့် Smart Card များကို မြန်မာ့စီးပွားရေးဘဏ်တွင် စက်တင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းကစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းအောင်မှဦးဆောင်၍ ဝန်ထမ်းများက Biometric (UID)စနစ်ဖြင့် Smart Card မပြုလုပ်ရသေးသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို စက်တင်ဘာလ (၂၂)ရက်မှ (၃၀)ရက်အထိမြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားဝန်ထမ်းများနှင့် Smart Card ပြုလုပ်ရန်ကျန်ရှိသူများအား ရပ်ကွက်၊ ကျေးရွာများအရောက် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)