မြောင်းမြတွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဖြင့် တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ပြုလုပ်

မြောင်းမြ စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ကျဌာနဆိုင်ရာ များပူးပေါင်း၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်အကြောင်း အသိပညာ ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြသခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် မိသားစုဝင်များ အသုံးပြုတတ်စေရန်အတွက် ယမန်နေ့နံနက် (၁၀) နာရီက မြောင်းမြ မြို့နယ်ရဲတပ်ဖွဲ့စခန်း၊ ရဲကျော်သူခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် မိသားစုဝင်တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက လက်တွေ့စမ်းသပ်မဲပေးခြင်းအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)