မင်းလှ စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ မိုးရာသီတွင် စိုက်ပျိုးခဲ့သော မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို စက်တင်ဘာ ၁၈ ရက်က ကိုင်းပြင်ကြီးကျေးရွာအုပ်စု၊ ကိုင်းပြင်ကြီးကျေးရွာ၊ ကွင်းအမှတ်(၇၈၁)၊ ဦးပိုင်အမှတ် (၄၆/၂) တောင်သူဦးခင်မောင်လင်း၏ Drum Seeder ဖြင့်စိုက်ပျိုးထားသော အောင်နိုင်တိုးမိုးစပါးစိုက်ဧက (၃.၅)ဧကတွင် ဆောင်ရွက်ခဲ့သည်။
မိုးစပါးစံကွက် ရိတ်သိမ်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးကြီးကြပ်မှုကော်မတီဝင်များ၊ တောင်သူများပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင် အစိုထွက် (၁၃၅)တင်း၊ အခြောက်ထွက်မှာ (၁၂၇)တင်းထွက်ရှိခဲ့ပြီး မင်းလှမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ၌ မိုးစပါးစိုက်ဧက (၇၆၁၄၁)ဧကစိုက်ပျိုးထားရာ ယခုအချိန်ထိ (၅၆၅)ဧက ရိတ်သိမ်ပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်စ (မင်းလှ)