မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ ငုဝါမြိုင်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်

မိုးညို စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြို့မရပ်ကွက်ရှိ ငုဝါမြိုင်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းသည် မိုးညိုမြို့၊ မြို့မရပ်ကွက်၊ ရွှေမကျီးပင်လမ်းနှင့် အင်ကြင်းမြိုင်လမ်းအကြားတွင်ရှိပြီး အ.လ.က(ခွဲ)မြို့မစာသင်ကျောင်း၊ ဓမ္မိကပရိယတ္တိစာသင်တိုက်နှင့် ဘုန်း‌တော်ကြီးသင်ပညာ‌ရေးကျောင်း(ပရဟိတ)များသို့ သွားလာသည့်လမ်းဖြစ်သည့်အတွက် ကွန်ကရစ်လမ်းပြီးစီးပါက ကျောင်းသား/သူများနှင့် ရပ်ကွက်နေပြည်သူများ သွားလာရေးပိုမိုအဆင်‌‌ပြေမည်ဖြစ်ကြောင်း၊ လမ်းအရှည် (၆၂၃)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၈)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံ‌ငွေ (၄၅.၉)သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီး‌အောင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ကိုမင်း (ပြန်/ဆက်)