ဘားအံ စက်တင်ဘာ ၂၂
ကရင်ပြည်နယ် ဘားအံမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစဉ် (၄)ရပ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ပံ့ပိုးငွေဖြင့် နောင်ကုန်း (ဝဲကရင်)ကျေးရွာအုပ်စု၊ အလင်းရောင် စာကြည့်တိုက် ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို စက်တင်ဘာ ၂၁ ရက်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
အဆိုပါစာကြည့်တိုက်ကို ကျေးလက်နေပြည်သူများ အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်စေရန်၊ အသိပညာဗဟုသုတမြင့်မားစေရန်၊ မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက် အကူဖြစ်စေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် နိုင်ငံတော်မှအားထားရသော လူငယ်များပေါ် ထွန်းလာစေရန် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုရန်ပုံငွေ ကျပ်သိန်း (၂၀၀)ဖြင့် ဆောက်လုပ်ခြင်းဖြစ်သည်။ စာကြည့်တိုက် လုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေးစဉ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဌဦးအောင်လွင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးတို့က ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံ၍ စာကြည့်တိုက်ဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြီး စာကြည့်တိုက် တည်ဆောက်ရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။
ခရိုင်(ပြန်/ဆက်)