တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကော့သောင်း ဒေသခံလုပ်ငန်းရှင်များ စိုက်ပျိုးရေးနှင့်မွေးမြူရေးဇုန်အကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေး

ကော့သောင်း စက်တင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာသည် ကော့သောင်း မြို့နယ်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဇုန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဒေသခံစိတ်ပါဝင်စားသူလုပ်ငန်းရှင်များနှင့်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲကို  စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အရေးကြီးသကဲ့သို့ ဒေသအခြေခံ စားသောက်ကုန်များဈေးနှုန်း ကျဆင်းရေးအတွက်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍများ/ဇုန်များ ဖန်တီးခြင်းဖြင့် တစ်ဖက်နိုင်ငံမှ နေ့စဉ် ဝယ်ယူတင်သွင်းနေသည့် အသားနှင့် ဟင်းသီးဟင်းရွက်မှ နိုင်ငံခြားငွေစီးဆင်းမှုနှင့်သယ်ယူပို့ဆောင်ရေးစရိတ်များ ကုန်ကျမှုနည်းပါးခြင်း၊ မိမိတို့ဒေသခံတိုင်းရင်းသားပြည်သူများ ဒေသထွက်ကုန်များ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍများ အဘက်ဘက်မှ အောင်မြင်မှုရရှိရေးအတွက် သက်‌ဆိုင်ရာဌာနအဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမြင့်ဇော်က ကော့သောင်း မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ   ဆောင်ရွက်နေမှု၊  ဌာနဆိုင်ရာတာဝန်ရှိသူများက စ်ိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းရှင်များက  ဆွေးနွေးတင်ပြခဲ့ကြရာ  တိုင်းဒေသကြီး   တိုင်းရင်းသားရေးရာဝန်ကြီးက  တင်ပြချက်များအပေါ်  ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့‌ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)