ရွှေသောင်ယံ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.က ရွှေသောင်ယံတွင် ယနေ့နံနက်.(၁၀)နာရီက (၂၀၂၅-၂၀၂၆) ပညာသင်နှစ်အတွက် အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် (၁-၉-၂၀၁၅) မှ (၃၁-၈-၂၀၁၆)ခုနှစ်အတွင်း မွေးဖွားသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းအစီအစဥ်တွင် ရွှေသောင်ယံမြို့အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်း(၆)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား အ-ထ-က ရွှေသောင်ယံ၌ စုရပ်ပြုလုပ်၍ သပေါ့ကန်ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျန်းမာရေး ဆရာမများမှ လာရောက်ထိုးနှံပေးရာ အ-ထ-က ရွှေသောင်ယံကျောင်းအုပ်ဆရာကြီးနှင့်အတူ ကျောင်းအလိုက် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ လာရောက်ကာ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)