စေတုတ္တရာမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

စေတုတ္တရာ စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်မှာစကားပြောကြား၍ မြို့နယ်အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဇော်ဝင်းနိုင်၊ မြို့နယ်ဥပဒေအရာရှိ ဦးထက်ဖြိုးဝေ၊ မြို့နယ်စာရင်းစစ်အရာရှိ ဦးမျိုးမြင့်အောင်တို့က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးပြောကြားရာတွင် အဂတိလိုက်စားမှုဥပဒေကို ၁၉၄၈ တွင် ပြဋ္ဌာန်းထားရှိပြီး၊ ၂၀၁၃ တွင် ပြန်လည်ပြင်ဆင်ထားရှိကြောင်း ဥပဒေတွင် ပါရှိသည့်အကြောင်းအရာများ၊ ဘဏ္ဍာရေးဆိုင်ရာရငွေ၊ သုံးစွဲရာတွင် ဥပ‌ဒေ၊ ထုတ်ပြန်ချက်အရ ဆောင်ရွက်ရန်အချက်များ အစရှိသည့်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားသည်။
အဆိုပါ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့‌၊ စေတုတ္တရာမြို့နယ် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)