ကော့သောင်းမြို့တွင် ၂၀၂၅ခုနှစ်၊ ချန်ပီယံလိဂ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကော့သောင်း စက်တင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ကော့သောင်းမြို့နယ် ကလပ်အသင်းပေါင်းစုံ အမှတ်ပေးချန်ပီယံလိဂ်ဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၁ ရက်နေ့ညနေပိုင်းက ကော့သောင်းမြို့၊မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းရင်း‌သားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ စစ်ဗျူဟာအဖွဲ့အခြေချ ကော့သောင်းမှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့သည်။

ရှေးဦးစွာ ဗိုလ်လုပွဲပြိုင်ပွဲတွင် နမ့်ခုံး FCအသင်းနှင့် KMK FC အသင်းတို့က အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ KMK FC အသင်းက ၃ ဂိုး၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပရာ ကော့သောင်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က ပြိုင်ပွဲကြီးကြပ်ရေးအဖွဲ့များ၊ ဒိုင်အဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။

ယင်းနောက် ကော့သောင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က အကောင်းဆုံးကစားသမားဆုများအား ချီးမြှင့်သည်။

ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်က ဒုတိယဆုရရှိသော နမ့်ခုံး FC အသင်းအား လည်ဆွဲဆုနှင့် ငွေသားဆုများ ချီးမြှင့်၍ စစ်ဗျူဟာအဖွဲ့အခြေချ ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဟန်လင်းအောင်က ပထမဆုရရှိသော KMK FC အသင်းအား လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားများ ချီးမြှင့်ခဲ့သည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းရင်း‌သားရေးရာဝန်ကြီးဦးစောမာတင်လူသာက ပထမဆုရရှိသော KMK FCအသင်းအား ချန်ပီယံလည်ဆွဲ၊‌ ငွေသားဆုနှင့် ချန်ပီယံဆုဖလားများ ထပ်မံချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)