မင်းတုန်း စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်လှစ်ရာ မြို့နယ်စီခံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက အဖွင့်အမှစကားပြောကြားပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းလင်းအောင်က ရှေးဦးသူနာပြုစုနည်း ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရှေးဦးသူနာပြုစုနည်းသင်တန်းကို ဒေါက်တာထွန်းလင်းအောင်က ဆက်လက်ပို့ချရာ ဒဏ်ရာရလူနာအား အရေးပေါ်အခြေအနေတွင် ဆေးဝါးအကူကိရိယာဖြင့် ကနဦးပြုစုကုသနည်း၊ ဆေးဝါးအကူကိရိယာမပါရှိလျှင် အရေးပေါ်ပြုစုကုသနည်းများကို လက်တွေ့သင်ကြားပို့ချခဲ့သည်။ အဆိုပါသင်တန်းသို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား သင်တန်းသူ (၁၆)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁)ရက်ဖြစ်ကြောင်း သိရသည်။
ချင်းကလေး(NRDC)