ကော့သောင်းမြို့၊ (၃) မိုင်ပြည်သူ့ရင်ပြင်ရှိ တိုင်းရင်းသားရိုးရာပြခန်းအား လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်

ကော့သောင်း စက်တင်ဘာ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ (၃) မိုင်ပြည်သူ့ရင်ပြင်ရှိ (၈၀×၃၀) ပေ တိုင်းရင်းသားရိုးရာပြခန်းအား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ၂၂ ရက်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမ၌ ပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနား၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က (၃) မိုင်ပြည်သူ့ရင်ပြင်ရှိ (၈၀×၃၀) ပေ တိုင်းရင်းသားရိုးရာပြခန်းနှင့်ပတ်သက်၍ မြေနေရာနှင့် အဆောက်အဦဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး (၃) မိုင်ပြည်သူ့ရင်ပြင်ရှိ (၈၀×၃၀) ပေ တိုင်းရင်းသားရိုးရာပြခန်း အဆောက်အဦအား မြို့နယ်အုပ်ချုပ်ရေးမှူးမှ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)