ပိုင်ကျုံမြို့ မြို့မသာသနာပြုကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ပိုင်ကျုံ စက်တင်ဘာ ၂၂

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ ပရဟိတမြို့မ-သာသနာပြုကျောင်း၌ အ-ထ-က ပိုင်ကျုံ‌ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လမ်းဦးစီးဌာနနှင့် စာတိုက်လုပ်ငန်းမှ ဝန်ထမ်းမိသားစုဝင်တို့က စုပေါင်းကာ စက်တင်ဘာလ ၂၁ ရက်က ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တရားတော်နာယူရန် ရောက်လာသည့် ဧည့်ပရိသတ်များတို့မှ ပိုင်ကျုံမြို့ ပရဟိတမြို့မ-သာသနာပြုကျောင်းဆရာတော်ထံ ငါးပါးသီလခံယူပြီး ဝါဆိုင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ပတ်သက်သည့် ရားဒေသနာတော်များ နာယူပြီးနောက် သံဃာတော်အရှင်သူမြတ်တို့အား မြတ်သော ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်ချအမျှဝေခြင်းတို့ကို ဆောင်ရွက်ပြီး သံဃာတော်အရှင်သူမြတ်တို့အား နေ့ခင်းဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ မြို့မသာသနာပြုကျောင်း၌ ဝါတွင်း (၃) လအတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်ရှိ ပ်မိရပ်ဖများ ပူးပေါင်းကာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို အလှည့်ကျဆောင်ရွက်လျက်ရှိကြောင်း   သိရသည်။

နော်ခူး(ပြန်/ဆက်)