ကလိန်အောင် စက်တင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး စားသုံးကုန်အသီးအနှံပင်ဖြစ်သည့် ကျွဲကောသီးပင် (ဒေသအခေါ်) ဓာတ်ကျွဲကောသီးကို သဘာဝရာသီဥတုနှင့် ရေခံမြေခံအခြေအနေအရ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေများတွင် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါကျွဲကောပင် (ဒေသအခေါ်) ဓာတ်ကျွဲကော်ပင်အား အကိုင်းဆက်ပျိုးပင်တစ်ပင်လျှင် ငွေကျပ် (၂၀၀၀၀) ကျပ်ခန့် ဈေးနှုန်းဖြင့် သီးနှံပင်ပျိုးထောင်ရောင်းချသူများထံမှ ဝယ်ယူရရှိ၍ ပြန်လည်စိုက်ပျိုးခြင်း မြေဩဇာများထည့်သွင်းခြင်း နွေရာသီတွင် ရေသွင်း၍ စနစ်တကျပြု စုပျိုးထောင်စိုက်ပျိုးခြင်းဖြင့် သုံးနှစ်ခန့်အကြာတွင် အပွင့်အသီးစတင်ထွက်ရှိကြောင်း သိရသည်။
ကျွဲကော်ပင်၏ စိုက်ပျိုးသက်တမ်း လေးငါးခြောက်နှစ်ခန့်အကြာတွင် ကျွဲကောသီးအသီးအပွင့်များ ကောင်းမွန်စွာ လှိုင်လှိုင်သီး၍ အသီးရင့်မှည့်ချိန်တွင် ခူးဆွတ်ရောင်းချရာ ဒေသအတွင်း၌ ကျွဲကောသီးတစ်လုံးလျှင် အသီးအလုံးအရွယ်အစားပေါ်မူတည်ပြီး တစ်လုံးလျှင် ငွေကျပ် (၄၀၀၀) ကျပ်မှ (၅၀၀၀) ကျပ်အထိ ဈေးနှုန်းရရှိပြီး မိသားစုအပိုဝင်ငွေများရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)