နတ်မောက်မြို့၌ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်

နတ်မောက် စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်မေထွန်း (စာထောက်-၃) က စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်း၊ ကျောင်းသား/ သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရေးနှင့် ကျောင်းစာအပြင် ပြင်ပစာပေများကို လေ့လာဖတ်ရှုကြရေးတို့ကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့သည်။ ထို့နောက်ကျောင်းသား/ သူများက မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုကြရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရှင်းလင်းပြသပေးခဲ့ကြကြောင်း သိရသည်။

လှဝင်း