သံတောင်ကြီး စက်တင်ဘာ ၂၂
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှ ထွက်ရှိသည့် သဘာဝပျားရည်များသည် ဆေးဖက်ဝင် သဘာဝပျားရည်စစ်စစ်ဖြစ်သည့်အတွက် ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ်အတွင်းရှိ သဘာဝပျားရည်များကို တောတောင်ထူထပ်သည့်နေရာများမှ အမြင့်ပေ ၈၀ မှ ၁၀၀ ခန့်ရှိသစ်ပင်ကြီးများတွင် စွဲနေသည့်ပျားအုံများကို ဆောင်းတွင်းနှင့်နွေအကုန် မိုးအကူးအချိန်၌ ပျားဖွတ်ခြင်း လုပ်ငန်းလုပ်ကိုင်သူများက ပျားဖွတ်လေ့ရှိကြောင်းသိရသည်။
အဆိုပါ သံတောင်ကြီးဒေသတွင် ပျားရည်များကို ယခင်နှစ်က တစ်ပုလင်းလျှင် ကျပ် ၁၀၀၀၀ မှ ကျပ်၁၂၀၀၀ အထိသာရရှိသော်လည်း ယခုနှစ်တွင် ပျားရည်တစ်ပုလင်းလျှင် ကျပ် ၁၅၀၀၀ ရရှိကြောင်း ပျားရည်ရောင်းဝယ်လုပ်ကိုင်သူဦးစောတီးတူထံက သိရသည်။
နော်နော်မူ