မြဝတီ စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစား ဝန်ထမ်း များ၏ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပုံမှန် ၂၁ ရက် မှစတင်၍ ဆက်လက် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ထို့သို့ ထုတ်ပေးရာတွင် ကာယကံရှင်ကိုယ်တိုင်အပြင် အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသည့် အငြိမ်းစား အသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာငွေများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်က စီစဉ်ဆောင်ရွက်ပေး ထားကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများကို လာရောက်ထုတ်ယူရာတွင် UID ကတ်ပြား ယူဆောင်လာရန်လိုအပ်မည်ဖြစ်ပြီး ရုံးဖွင့်ရက်အတွင်း နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိ သူထံမှ သိရသည်။
ဆောင်းနှင်းဖြူ