ကျုံပျော် စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်အတွင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထွဋ်ကျော်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက အောင်ဆန်းရပ်ကွက်၊ တာသစ်လမ်းရှိ မြန်ပြည်သားကောင်းကိုယ်ပိုင်အထက်တန်းကျောင်းသို့ သွားရောက်ကာ မီးဘေးလုံခြုံမှုရှိရေး၊ လျှပ်စစ်သွယ်တန်းမှု စနစ်တကျ ရှိ/မရှိ၊ မီးသတ်ဆေးဘူး၊ ရေပုံး၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်ရေများ အသင့်ထားရှိရန်နှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ထားရှိစေရေးတို့ကို အကြံပြုလမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)