ပေါင်းတည် မျိုးသန့်ခြံ၌တောင်သူများလေ့လာနိုင်ရန် အထွက်နှုန်းယှဉ်ပြိုင်စမ်းသပ်ကွက်များ စိုက်ပျိုးထား

ပေါင်းတည် စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးစေ့ဌာနခွဲ) မျိုးသန့်ခြံ၌ တောင်သူများအတွက် သက်လတ်စပါးမျိုးများ အထွက်နှုန်းယှဉ်ပြိုင် စမ်းသပ်ကွက်များ စိုက်ပျိုးထားကြကြောင်း သိရသည်။

တောင်သူများ၏ စိုက်ပျိုးမြေများနှင့်ဆီလျော်သည့် မျိုးကောင်း မျိုးသန့်အထွက်ကောင်းသည့် စပါးမျိုးများကို လေ့လာရွေးချယ်စိုက်ပျိုးနိုင်ကြစေရန် ပေါင်းတည်မျိုးသန့်ခြံ၌ သုတေသနပြု စိုက်ခင်းများနှင့်အထွက်နှုန်း ယှဉ်ပြိုင်စမ်းသပ်ကွက်များကို စိုက်ပျိုးထားလျက်ရှိရာ သက်လတ်စပါးမျိုးအုပ်စု ရေဆင်းအင်းမ၊ဆင်းသုခနှင့်မှော်ဘီ-၃ တို့မှာ မကြာမီ ရက်အတွင်း ရိတ်သိမ်း‌ခြွေလှေ့တော့မည်ဖြစ်ကြောင်း သိရသည်။

ထို သက်လတ်အုပ်စု စပါးမျိုးများ ယှဉ်ပြိုင်စမ်းသပ်ရန် ဇွန် ၈ ရက်က စတင်ပျိုးထောင်ခဲ့ကြပြီး ဇွန်လ ၂၃ ရက်က တစ်ပြိုင်တည်း တစ်ဧကစီ စိုက်ပျိုးထားခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ထိုစပါးစိုက်ခင်းများသည် ရက် ၉၀ ဝန်းကျင်ရှိနေကြပြီး စိုက်ကွက်အားလုံး ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

 ရွှေသား(IPRD)