အုတ်တွင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ဆက်လက်သရုပ်ပြသ

အုတ်တွင်း စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ဆက်လက်သရုပ်ပြသခြင်းကို စက်တင်ဘာ ၁၉ ရက် နံနက်(၉)နာရီအချိန်က ညောင်ခြေထောက်မြို့၊ မဇ္ဇိမာရုံကျောင်းတိုက်နှင့် မွန်းလွဲ(၁)နာရီအချိန်က ကျွဲပွဲမြို့ အ.ထ.က ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးသူရမျိုးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၂၀၀)ဦးတို့က လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အုတ်တွင်းမြို့နယ်အနေဖြင့် ယနေ့အချိန်အထိ နိုင်ငံရေးပါတီ(၆)ခု မှတ်ပုံတင်ထားရှိကြောင်းသိရပြီး ဒေသခံပြည်သူများအား (MEVM) စက်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေးအစီအစဉ်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား (၈)ကြိမ်မြောက်ကျင်းပခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)