မြောင်းမြ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်မီးသတ်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်ချေးငွေလုပ်ငန်း/ကုမ္ပဏီများ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးဇော်မင်းနှင့်တပ်ဖွဲ့ဝင်များမှ မြကန်သာရပ်ကွက် IM Microfinance Myanmar Co.,Ltd ရှိ တာဝန်ရှိသူနှင့် ဝန်ထမ်းများအား တွေ့ဆုံပြီး မီးအကြောင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းများဖြစ်သော မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို အသိပညာပေး ဟောပြောဆွေးနွေးပြီး ငြှိမ်းသတ်ရေးတပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းကိုသင်ကြားပြသကာ ကုမ္ပဏီဝန်ထမ်းများမှ မီးငြှိမ်းသတ်ခြင်းကို လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းလုပ်ငန်းကို မြို့နယ်အတွင်းရှိ ချေးငွေကုမ္ပဏီများအားလုံး စက်တင် ဘာလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇေယျာ (မြောင်းမြ)