ဆင်ပေါင်ဝဲ စင်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့၊ သာယာမိုးရပ်ကွက်ဓမ္မာရုံအတွင်း၌ ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးကုသခြင်းလုပ်ငန်းများကို မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးငြိမ်းချမ်းစိုးနှင့် ဝန်ထမ်းက အဆိုပါရပ်ကွက်ရှိ ပြည်သူများအား ရောဂါလက္ခဏာများ ကြည့်ရှုစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ ရောဂါများအလိုက် တိုင်းရင်းဆေး သောက်ဆေးများကို အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)