ဒေးဒရဲ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုဖြင့် ဒေးဒရဲမူလတန်းကြိုကျောင်း၌ ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီက ဒေးဒရဲ မူလတန်းကြိုကျောင်း၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်၊ ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်မူမူထွန်း၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်သား၊ ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က ကလေးများ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပခဲ့ရာ မူလတန်းကြို ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်း ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်အဖွဲ့လိုက် သီချင်းဆိုပြိုင်ပွဲများကို တစ်ပျော်တစ်ပါး ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုး ဒေါ်မူမူထွန်း၊ မြို့နယ် ဦးစီးအရာရှိ ဒေါ်နီနီမြင့်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း