တမူးမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်

တမူး စက်တင်ဘာ ၂၀

တမူးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်း‌ကျောင်း ကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တမူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုက မိမိတို့ခရိုင်အတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ လျာထားမဲရုံများအလိုက် မဲစာရင်းများ ပြုစုနိုင်ရေး၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ် များ၌ မိမိတို့အနေဖြင့် လိုအပ်သည်များ ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် မဲပေးစက်နှင့်စပ်လျဉ်း၍ သေချာစွာလိုက်နာ မှတ်သားပြီး သိရှိတတ်ကျွမ်းကာ ရွေးကောက်ပွဲကာလတွင် အဆိုပါမဲပေးစက်များအား လက်တွေ့အသုံးပြုရာ၌ အခက်အခဲမရှိ အမှားကင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 ထို့နောက် တမူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအေးထွန်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းကာလအား မဲပေးစက် ကိုယ်တွယ်အသုံးပြုပုံ၊ ထိန်းသိမ်းနည်းများကို သင်တန်းသား/သူ(၂၀၈)ဦးတို့အား ကျွမ်းကျင်သည်အထိ( ၂)ရက်ကြာသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ