နတ်မောက် စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ ခုနှစ်) ဥပဒေပုဒ်မ ၁၀၁ (ခ)၊ ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ (၂၀၁၉ ခုနှစ်) ဥပဒေပုဒ်မ ၁၀၃၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ရည်မှန်းချက် (၆)ရပ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ ခုနှစ်) ဥပဒေပုဒ်မ (ခ)(၁)၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ ခုနှစ်) ဥပဒေပုဒ်မ ၁၀၂၊ ကလေး၊လူရွယ်၊ လူငယ်၏အဓိပ္ပါယ်ဖော်ပြချက် စသည့်အသိပညာပေးအကြောင်းအရာများ ဝေဝေဆာဆာဖော်ပြပါရှိပြီး အများပြည်သူဖတ်ရှု၍ အသိပညာဗဟုသုတရရှိစေရန် ရုံးဝန်ထမ်းများက လိုက်လံဖြန့်ဝေပေးခဲ့သည်။
လှဝင်း